ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူရဲ့ ထက်ဝက်ခန့်ပမာဏဟာ တရုတ်တစ်နိုင်ငံတည်းမှာဖြစ်




ကမ္ဘာတစ်ဝှမ်းလုံးမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ (၁၄၂၃၆၁) ဦးရှိနေပြီး တရုတ်တစ်နိုင်ငံတည်းမှာပဲ ပြန်လည်သက်သာလာသူဦးရေ (၇၅၄၄၈) ဦးရှိနေခဲ့တာဖြစ်ပါတယ်။ 



ဒါကြောင့် ကမ္ဘာတစ်ဝှမ်းလုံး COVID-19 ကနေ ပြန်လည်သက်သာလာသူရဲ့ ထက်ဝက်ခန့်ပမာဏဟာ တရုတ်တစ်နိုင်ငံတည်းမှာ ဖြစ်နေတယ်လို့ ဆိုရမှာပါ။ COVID-19 ဟာ တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း (၈၁၄၃၉) ဖြစ်ပွားခဲ့တာပါ။



ဒါပေမဲ့ အဲဒီအထဲမှာမှ အခုလိုမျိုး (၇၅၄၄၈)ကျော်ဟာ ပြန်လည်သက်သာလာခဲ့ပြီး လူဦးရေ (၃၃၀၀) ပဲ သေဆုံးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အမေရိကန်၊ အီတလီတို့က တရုတ်နိုင်ငံထက် ကူးစက်မှုနှုန်းမြင့်မားပြီး သေဆုံးမှုနှုန်းလည်း ဆက်တိုက်မြင့်တက်နေတာပါ။ 



Ref: Worldmeters

Comments