ျမန္ မာႏိုင္ငံဆိုင္ရာ တရုတ္သံရံုး ၏ Facebook မွ ယေန ့ ဧျပီ ၁၀ ၊ ညေန ၅ နာရီခန္ ့တြင္ ေဖာ္ျပမွု
COVID-19 ေရာဂါ ႏွင့္ပတ္သက္၍ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန မွ ေျပာခြင့္ရပုဂၢိဳလ္ Mr. Zhao Lijian သတင္းေထာက္၏ ေမးျမန္းခ်က္ ကို ျပန္လည္ေျဖၾကား
ဧၿပီလ ၉ ရက္ေန႔ တြင္ က်င္းပသည့္ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ပုံမွန္ သတင္းစာ ရွင္းလင္းပြဲ တြင္ သတင္းေထာက္တစ္ဦး က ေအာက္ပါ အတိုင္း ေမးျမန္းခဲ့ ပါသည္ ။
“အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mr. Michael R. Pompeo သည္ ဧၿပီလ ၈ ရက္ေန႔ က သတင္းေထာက္ ၏ေမးျမန္းမွု ကို ျပန္လည္ေျဖၾကားရာတြင္ မိမိတို့သည္ COVID-19 ဗိုင္းရပ္စ္ပိုးဟူေသာ ႀကီးမားသည့္ စိန္ေခၚမွုႏွင့္ ၾကဳံေတြ႕ေနရေၾကာင္း၊ ယင္းသည္ တ႐ုတ္နိုင္ငံဝူဟန႔္ၿမိဳ့မွစတင္ျခင္းျဖစ္ေၾကာင္း၊ ထိုစဥ္က အေမရိကန္နိုင္ငံသည္ တ႐ုတ္ နိုင္ငံသို့သြားေရာက္စုံစမ္းစစ္ေဆးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္ ခဲ့ေၾကာင္း၊ ကိန္းဂဏန္းအခ်က္အလက္ ဖုံးကြယ္ျခင္း၊ အထင္အျမင္လြဲမွားေစရန္ လွည့္ျဖားျခင္း၊ အမွန္စကားေျပာၾကားသူအားအေရးယူျခင္းတို့ကို မည္သည့္နိုင္ငံ ကမၽွ လက္မခံေၾကာင္း၊ အၾကပ္အတည္းၾကဳံရသည့္ကာလ၌ သတင္းအခ်က္အလက္ ပြင့္လင္းျမင္သာမွု၏ အေရးပါမွုႏွင့္ အေမရိကန္ပုံစံ လြတ္လပ္ေသာ ဒီမိုကေရစီဆန္မွုကို ျပသေၾကာင္း ေျပာၾကားခဲ့ သည္။ ယင္းအေပၚ တ႐ုတ္နိုင္ငံက မည္သို့တုံ႔ျပန္လို သနည္း။ ”
တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာခြင့္ရပုဂၢိဳလ္ Mr. Zhao Lijianက သတင္းေထာက္၏ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားရာတြင္ Mr. Michael R. Pompeo ၏ ေျပာၾကားခ်က္အေပၚ ကၽြန္ေတာ္ အခ်က္သုံးခ်က္ျဖင့္ တုံ႔ျပန္ေျပာၾကားလိုေၾကာင္း၊
(၁) တ႐ုတ္နိုင္ငံသည္ COVID-19 ေရာဂါ အေျခအေနအား ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) သို့ ဦးစြာအစီရင္ခံသည့္နိုင္ငံျဖစ္ေၾကာင္း၊ သို့ေသာ္ယင္းသည္ဗိုင္းရပ္စ္ပိုးဝူဟန႔္ၿမိဳ့မွ စတင္သည္ဟု ဆိုလို့မရေၾကာင္း၊ ကမၻာ့ကပ္ေရာဂါသည္ ကမၻာေပၚရွိမည္သည့္နိုင္ငံ၊ေဒသ၊ ၿမိဳ့တြင္မဆို ဦးစြာျဖစ္ပြားနိုင္ေၾကာင္း၊ သို့ေသာ္ ၎၏အရင္းအျမစ္သည္ မည္သည့္ေနရာမွ ေပၚေပါက္လာသနည္းဆိုသည္မွာ အလြန္သိပၸံပညာရပ္ဆန္ေသာ ေမးခြန္းတစ္ခုျဖစ္သျဖင့္ သိပၸံပညာရွင္မ်ားႏွင့္ေဆးပညာရွင္မ်ားမွ သုေတသနျပဳေလ့လာရမည္သာျဖစ္ေၾကာင္း၊ ၇၆ရက္ၾကာ lockdown လုပ္ထားခဲ့သည့္ ဝူဟန႔္ၿမိဳ့အား ဧၿပီလ ၈ ရက္ေန႔တြင္ ျပန္လည္ ဖြင့္ေပးနိုင္ခဲ့ရာ နိုင္ငံအသီးသီးအား ဗိုင္းရပ္စ္ပိုးေအာင္နိုင္ေရးအတြက္ ယုံၾကည္စိတ္မ်ား ပိုမိုတိုးပြားလာေစခဲ့ေၾကာင္း၊ တ႐ုတ္နိုင္ငံေဆာင္ရြက္ခဲ့သည့္ နည္းလမ္းအစီအမံမ်ား ထိေရာက္မွုရွိၿပီး တ႐ုတ္နိုင္ငံ၏ အေတြ႕အၾကဳံမ်ား အတုယူဖြယ္ေကာင္းသည္ဟု လူအမ်ားက ပိုမိုသိရွိနားလည္လာေၾကာင္း၊ မည္သည့္နည္းလမ္းျဖင့္ျဖစ္ေစ ဗိုင္းရပ္စ္ပိုးအား ေလဘယ္တပ္သည့္ (labeling) မေလ်ာ္ကန္ေသာလုပ္ရပ္မ်ိဳးကို တာဝန္ယူမွုရွိေသာ မည္သည့္နိုင္ငံမဆို ျပတ္ျပတ္သားသား ကန႔္ကြက္္လိမ့္မည္ျဖစ္ေၾကာင္း၊
(၂) “တ႐ုတ္နိုင္ငံ၏ေရာဂါအေျခအေနအား ဖုံးကြယ္ျခင္း၊ ပြင့္လင္းျမင္သာမွုမရွိျခင္း ဟူေသာေျပာၾကားခ်က္” သည္ အေထာက္အထားလုံးဝမရွိေၾကာင္း၊ ကၽြန္ေတာ္တို့သည္ တ႐ုတ္နိုင္ငံႏွင့္အေမရိကန္နိုင္ငံအၾကား ေဆြးေႏြးသည့္ အေသးစိတ္အေျခအေနကို အခ်ိန္ႏွင့္တကြ အႀကိမ္ႀကိမ္မိတ္ဆက္ေျပာၾကားခဲ့ေၾကာင္း၊ ေရာဂါျဖစ္ပြားၿပီးေနာက္ တ႐ုတ္ နိုင္ငံသည္ WHO ထံ အခ်ိန္ႏွင့္တေျပးညီ ေရာဂါအေျခအေနအေၾကာင္း အစီရင္ခံခဲ့ၿပီး COVID-19 ဗိုင္းရပ္စ္ပိုး မ်ိဳးဗီဇအစီအစဥ္(Genome Sequence) အား ကမၻာ့နိုင္ငံအသီးသီး ထံအခ်ိန္ႏွင့္တေျပးညီမၽွေဝခဲ့ေၾကာင္း၊ ထို့အျပင္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးပညာရွင္မ်ား ဆိုင္ရာနိုင္ငံတကာပူးေပါင္းေဆာင္ရြက္မွုကိုလည္း အခ်ိန္ႏွင့္တေျပးညီေဆာင္ရြက္ခဲ့ရာ နိုင္ငံတကာအသိုင္းအဝိုင္း၏အျပဳသေဘာေဆာင္ေသာခ်ီးက်ဴးမွုမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ရရွိခဲ့ေၾကာင္း၊
အေမရိကန္နိုင္ငံက တ႐ုတ္နိုင္ငံမွ ေရာဂါအေျခအေနဆိုင္ရာအခ်က္အလက္မ်ားကို ရရွိသည့္လမ္းေၾကာင္းသည္ အတားအဆီးမရွိေၾကာင္း၊ ယခုႏွစ္ဇန္နဝါရီလကုန္တြင္ တ႐ုတ္နိုုင္ငံ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ေရးစင္တာစသည့္ သုေတသနအဖြဲ႕မ်ားက “The New England Journal of Medicine” ၊ “The Lancet” မဂၢဇင္းစသည့္ နိုင္ငံတကာ ေဆးပညာမဂၢဇင္းမ်ားတြင္ ေဆာင္းပါးမ်ား ေရးသားေဖာ္ျပၿပီး တ႐ုတ္သိပၸံပညာရွင္မ်ား၏ COVID-19 ကူးစက္ေရာဂါႏွင့္ပတ္သက္ေသာ သုေတသနရလဒ္ကို ကမၻာထံ မိတ္ဆက္ေပး ခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီလတြင္ အေမရိကန္နိုင္ငံ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ေရး စင္တာႏွင့္ အေမရိကန္ အမ်ိဳးသားက်န္းမာေရးအင္စတီက်ဴ႕ (NHI) မွ သိပၸံပညာရွင္မ်ားသည္ တ႐ုတ္-WHO ပညာရွင္မ်ားပူးတြဲေလ့လာေရးအဖြဲ႕တြင္ ပါဝင္ခဲ့ၿပီး တ႐ုတ္နိုင္ငံ၏ ေရာဂါအေျခအေနႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ကြင္းဆင္းေလ့လာခဲ့ေၾကာင္း၊ အေမရိကန္ ကူးစက္ေရာဂါႏွင့္ ဓာတ္မတည့္ေရာဂါမ်ားဆိုင္ရာ အမ်ိဳးသားအင္စတီက်ဴ႕ (NIAID) ဥကၠဌ ေဒါက္တာ Anthony S. Fauciက အေမရိကန္သုေတသီမ်ားသည္ တ႐ုတ္နိုင္ငံမွမၽွေဝသည့္ ဗိုင္းရပ္စ္ မ်ိဳးဗီဇအစီအစဥ္ကို အသုံးျပဳၿပီးမွ ကာကြယ္ေဆးကို သုေတသနျပဳေဖာ္ထုတ္နိုင္ျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့ေၾကာင္း၊
တ႐ုတ္နိုင္ငံသည္ မိမိလုပ္နိုင္ေသာ၊ လုပ္သင့္ေသာကိစၥရပ္မ်ားကို လုပ္ေဆာင္ၿပီးျဖစ္ ေၾကာင္း၊ တ႐ုတ္နိုင္ငံမွ ရယူေပးထားေသာ တန္ဖိုးရွိလွသည့္ အခ်ိန္ႏွင့္ ေထာက္ပံ့ေပးထား သည့္ အေရးႀကီးအခ်က္အလက္မ်ားကို အေမရိကန္နိုင္ငံမွ အျပည့္အဝ ထိေရာက္စြာ အသုံးျပဳျခင္းရွိမရွိ၊ ဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ေရးအစီအမံမ်ားကို အခ်ိန္မီလုပ္ေဆာင္ ခဲ့ျခင္းရွိမရွိကိုမူ သမိုင္းက အဆုံးအျဖတ္ေပးသြားလိမ့္မည္ဟု ယုံၾကည္ေၾကာင္း၊
(၃) တ႐ုတ္နိုင္ငံအားနာမည္ဖ်က္သည့္လုပ္ရပ္သည္ အမ်ား၏ယုံၾကည္မွုကို မခံရနိုင္်ၾကာင္း၊ဗိုင္းရပ္စ္သည္ နိုင္ငံ၊ လူမ်ိဳးမခြဲျခားသကဲ့သို့ လူမွုစနစ္လည္း ခြဲျခားမွုမရွိေၾကာင္း မည္သည့္နိုင္ငံမဆို လူသားမ်ား၏ အသက္ႏွင့္က်န္းမာေရးကို ပထမေနရာတြင္ထားၿပီး မိမိနိုင္ငံျပည္သူမ်ားအတြက္ ျပည့္ဝ၍ထိေရာက္ေသာအာမခံခ်က္မ်ားေပးသင့္ေၾကာင္း၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ဦးေဆာင္မွုေအာက္တြင္ တ႐ုတ္နိုင္ငံ၏ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းသည္ ႀကီးမားသည့္ေအာင္ျမင္မွုမ်ား ရရွိခဲ့ေၾကာင္း၊ သူတစ္ပါးအား နာမည္ဖ်က္ျခင္းႏွင့္အျပစ္တင္ျခင္းျဖင့္ ဗိုင္းရပ္စ္ကိုမႏွိမ္နင္းနိုင္ေၾကာင္း၊ အေမရိကန္နိုင္ငံ ျပည္သူမ်ားလည္း ေရာဂါကိုေဆာလ်င္စြာတိုက္ဖ်က္နိုင္ၿပီး အခ်ိဳ့ေသာနိုင္ငံေရးပုဂၢိဳလ္မ်ား ၏ ေရာဂါအေျခအေနကို နိုင္ငံေရးျပႆနာျဖစ္ေစျခင္း၊ တ႐ုတ္နိုင္ငံအားနာမည္ဖ်က္ျခင္း၊ အာ႐ုံလႊဲျခင္း၊ တာဝန္မခံျခင္း စသည့္လုပ္ရပ္မ်ားကို ရွုတ္ခ်နိုင္ပါေစဟု ကၽြန္ေတာ္တို့ ေမၽွာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါသည္။
Sorce း Chinese Embassy in Myanmar
Credit;The Ladies News
ဗိုင်း ရပ်စ်ကာကွယ်ထိန်းချု ပ်ရေး အမေရိကန်ကို သမိုင်းကအဆုံးအဖြတ်ပေးသွားလိမ့်မည်ဟု တရုတ်ပြော
မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ၏ Facebook မှ ယနေ ့ ဧပြီ ၁၀ ၊ ညနေ ၅ နာရီခန် ့တွင် ဖော်ပြမှု
COVID-19 ရောဂါ နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ် Mr. Zhao Lijian သတင်းထောက်၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြား
ဧပြီလ ၉ ရက်နေ့ တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦး က အောက်ပါ အတိုင်း မေးမြန်းခဲ့ ပါသည် ။
“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. Michael R. Pompeo သည် ဧပြီလ ၈ ရက်နေ့ က သတင်းထောက် ၏မေးမြန်းမှု ကို ပြန်လည်ဖြေကြားရာတွင် မိမိတို့သည် COVID-19 ဗိုင်းရပ်စ်ပိုးဟူသော ကြီးမားသည့် စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ယင်းသည် တရုတ်နိုင်ငံဝူဟန့်မြို့မှစတင်ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အမေရိကန်နိုင်ငံသည် တရုတ် နိုင်ငံသို့သွားရောက်စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း၊ ကိန်းဂဏန်းအချက်အလက် ဖုံးကွယ်ခြင်း၊ အထင်အမြင်လွဲမှားစေရန် လှည့်ဖြားခြင်း၊ အမှန်စကားပြောကြားသူအားအရေးယူခြင်းတို့ကို မည်သည့်နိုင်ငံ ကမျှ လက်မခံကြောင်း၊ အကြပ်အတည်းကြုံရသည့်ကာလ၌ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု၏ အရေးပါမှုနှင့် အမေရိကန်ပုံစံ လွတ်လပ်သော ဒီမိုကရေစီဆန်မှုကို ပြသကြောင်း ပြောကြားခဲ့ သည်။ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့တုံ့ပြန်လို သနည်း။ ”
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Mr. Zhao Lijianက သတင်းထောက်၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် Mr. Michael R. Pompeo ၏ ပြောကြားချက်အပေါ် ကျွန်တော် အချက်သုံးချက်ဖြင့် တုံ့ပြန်ပြောကြားလိုကြောင်း၊
(၁) တရုတ်နိုင်ငံသည် COVID-19 ရောဂါ အခြေအနေအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ဦးစွာအစီရင်ခံသည့်နိုင်ငံဖြစ်ကြောင်း၊ သို့သော်ယင်းသည်ဗိုင်းရပ်စ်ပိုးဝူဟန့်မြို့မှ စတင်သည်ဟု ဆိုလို့မရကြောင်း၊ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံ၊ဒေသ၊ မြို့တွင်မဆို ဦးစွာဖြစ်ပွားနိုင်ကြောင်း၊ သို့သော် ၎င်း၏အရင်းအမြစ်သည် မည်သည့်နေရာမှ ပေါ်ပေါက်လာသနည်းဆိုသည်မှာ အလွန်သိပ္ပံပညာရပ်ဆန်သော မေးခွန်းတစ်ခုဖြစ်သဖြင့် သိပ္ပံပညာရှင်များနှင့်ဆေးပညာရှင်များမှ သုတေသနပြုလေ့လာရမည်သာဖြစ်ကြောင်း၊ ၇၆ရက်ကြာ lockdown လုပ်ထားခဲ့သည့် ဝူဟန့်မြို့အား ဧပြီလ ၈ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးနိုင်ခဲ့ရာ နိုင်ငံအသီးသီးအား ဗိုင်းရပ်စ်ပိုးအောင်နိုင်ရေးအတွက် ယုံကြည်စိတ်များ ပိုမိုတိုးပွားလာစေခဲ့ကြောင်း၊ တရုတ်နိုင်ငံဆောင်ရွက်ခဲ့သည့် နည်းလမ်းအစီအမံများ ထိရောက်မှုရှိပြီး တရုတ်နိုင်ငံ၏ အတွေ့အကြုံများ အတုယူဖွယ်ကောင်းသည်ဟု လူအများက ပိုမိုသိရှိနားလည်လာကြောင်း၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ဗိုင်းရပ်စ်ပိုးအား လေဘယ်တပ်သည့် (labeling) မလျော်ကန်သောလုပ်ရပ်မျိုးကို တာဝန်ယူမှုရှိသော မည်သည့်နိုင်ငံမဆို ပြတ်ပြတ်သားသား ကန့်ကွက််လိမ့်မည်ဖြစ်ကြောင်း၊
(၂) “တရုတ်နိုင်ငံ၏ရောဂါအခြေအနေအား ဖုံးကွယ်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း ဟူသောပြောကြားချက်” သည် အထောက်အထားလုံးဝမရှိကြောင်း၊ ကျွန်တော်တို့သည် တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံအကြား ဆွေးနွေးသည့် အသေးစိတ်အခြေအနေကို အချိန်နှင့်တကွ အကြိမ်ကြိမ်မိတ်ဆက်ပြောကြားခဲ့ကြောင်း၊ ရောဂါဖြစ်ပွားပြီးနောက် တရုတ် နိုင်ငံသည် WHO ထံ အချိန်နှင့်တပြေးညီ ရောဂါအခြေအနေအကြောင်း အစီရင်ခံခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ပိုး မျိုးဗီဇအစီအစဉ်(Genome Sequence) အား ကမ္ဘာ့နိုင်ငံအသီးသီး ထံအချိန်နှင့်တပြေးညီမျှဝေခဲ့ကြောင်း၊ ထို့အပြင်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာရှင်များ ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုလည်း အချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏အပြုသဘောဆောင်သောချီးကျူးမှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြောင်း၊
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ ရောဂါအခြေအနေဆိုင်ရာအချက်အလက်များကို ရရှိသည့်လမ်းကြောင်းသည် အတားအဆီးမရှိကြောင်း၊ ယခုနှစ်ဇန်နဝါရီလကုန်တွင် တရုတ်နိုုင်ငံ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာစသည့် သုတေသနအဖွဲ့များက “The New England Journal of Medicine” ၊ “The Lancet” မဂ္ဂဇင်းစသည့် နိုင်ငံတကာ ဆေးပညာမဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားဖော်ပြပြီး တရုတ်သိပ္ပံပညာရှင်များ၏ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သော သုတေသနရလဒ်ကို ကမ္ဘာထံ မိတ်ဆက်ပေး ခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး စင်တာနှင့် အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျူ့ (NHI) မှ သိပ္ပံပညာရှင်များသည် တရုတ်-WHO ပညာရှင်များပူးတွဲလေ့လာရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရောဂါအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း၊ အမေရိကန် ကူးစက်ရောဂါနှင့် ဓာတ်မတည့်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျူ့ (NIAID) ဥက္ကဌ ဒေါက်တာ Anthony S. Fauciက အမေရိကန်သုတေသီများသည် တရုတ်နိုင်ငံမှမျှဝေသည့် ဗိုင်းရပ်စ် မျိုးဗီဇအစီအစဉ်ကို အသုံးပြုပြီးမှ ကာကွယ်ဆေးကို သုတေသနပြုဖော်ထုတ်နိုင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊
တရုတ်နိုင်ငံသည် မိမိလုပ်နိုင်သော၊ လုပ်သင့်သောကိစ္စရပ်များကို လုပ်ဆောင်ပြီးဖြစ် ကြောင်း၊ တရုတ်နိုင်ငံမှ ရယူပေးထားသော တန်ဖိုးရှိလှသည့် အချိန်နှင့် ထောက်ပံ့ပေးထား သည့် အရေးကြီးအချက်အလက်များကို အမေရိကန်နိုင်ငံမှ အပြည့်အဝ ထိရောက်စွာ အသုံးပြုခြင်းရှိမရှိ၊ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို အချိန်မီလုပ်ဆောင် ခဲ့ခြင်းရှိမရှိကိုမူ သမိုင်းက အဆုံးအဖြတ်ပေးသွားလိမ့်မည်ဟု ယုံကြည်ကြောင်း၊
(၃) တရုတ်နိုင်ငံအားနာမည်ဖျက်သည့်လုပ်ရပ်သည် အများ၏ယုံကြည်မှုကို မခံရနိုင်ျကြာင်း၊ဗိုင်းရပ်စ်သည် နိုင်ငံ၊ လူမျိုးမခွဲခြားသကဲ့သို့ လူမှုစနစ်လည်း ခွဲခြားမှုမရှိကြောင်း မည်သည့်နိုင်ငံမဆို လူသားများ၏ အသက်နှင့်ကျန်းမာရေးကို ပထမနေရာတွင်ထားပြီး မိမိနိုင်ငံပြည်သူများအတွက် ပြည့်ဝ၍ထိရောက်သောအာမခံချက်များပေးသင့်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ရောဂါတိုက်ဖျက်ရေး လုပ်ငန်းသည် ကြီးမားသည့်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ သူတစ်ပါးအား နာမည်ဖျက်ခြင်းနှင့်အပြစ်တင်ခြင်းဖြင့် ဗိုင်းရပ်စ်ကိုမနှိမ်နင်းနိုင်ကြောင်း၊ အမေရိကန်နိုင်ငံ ပြည်သူများလည်း ရောဂါကိုဆောလျင်စွာတိုက်ဖျက်နိုင်ပြီး အချို့သောနိုင်ငံရေးပုဂ္ဂိုလ်များ ၏ ရောဂါအခြေအနေကို နိုင်ငံရေးပြဿနာဖြစ်စေခြင်း၊ တရုတ်နိုင်ငံအားနာမည်ဖျက်ခြင်း၊ အာရုံလွှဲခြင်း၊ တာဝန်မခံခြင်း စသည့်လုပ်ရပ်များကို ရှုတ်ချနိုင်ပါစေဟု ကျွန်တော်တို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
Sorce း Chinese Embassy in Myanmar
Credit;The Ladies News
Comments
Post a Comment