- Get link
- X
- Other Apps
- Get link
- X
- Other Apps
Zawgyi
Unicode
လွန်ခဲ့တဲ့ (၄)လလောက်က အမေရိကန်သံရုံးက ဦးဆောင်ကျင်းပတဲ့ “Insight Out” အမည်နဲ့ ပန်းချီပြပွဲမှာ မြတ်စွာဘုရားပုံတော်ကို Mask တပ်ပြီး performance လုပ်ကြတယ်။
သိပ်မကြာခင်မှာ Corona Virus’s ကြောင့် ရောဂန္တရကပ်ဆိုက်ပြီး တစ်ကမ္ဘာလုံး Mask တပ်ရတဲ့ အခြေအနေရောက်သွားတယ်။ အခုလည်းလာပြန်လေပြီ………။မီးဟုန်းဟုန်းတောက်နေတဲ့ မြို့မြရှုခင်းကို နောက်ခံထားပြီး ကွဲအက်နေတဲ့ ကမ္ဘာလုံးကို မျက်ရည်ကျနေတဲ့မြတ်စွာဘုရားက ချုပ်ဖာထေးနေတဲ့ ပန်ချီနဲ့ Performance လုပ်နေတာကို တွေ့ရပြန်တယ်။
လေ့လာရသဆလာက် အိန္ဒိယပန်ချီဆရာတို့လက်ရာလို့ ယူဆရပါတယ်။
ဘုရားဆိုတာ performances လုပ်ဖို့မဟုတ်ပါဘူး၊ ကြည်ညိုဖို့ ပူဇော်ဖို့ပါ။ မလုပ်သင့်တာကို လုပ်တာဟာ ပြစ်မှားစော်ကားတာပါပဲ။ ဒီလိုလုပ်ရင် မဖြစ်သင့်၊ မဖြစ်ချင်တာတြွေဖစ်တတ်ပါတယ်။ ယခင်ကလည်း ဖြစ်ခဲ့ဖူးတဲ့သာဓကတွေရှိသလို ယခုလည်းလက်တွေ့ဖြစ်နေဆဲပါပဲ။ နောင်ဖြစ်မှာကိုလည်း စိုးတစ်ထင့်ထင့်ဖြစ်နေကြပါတယ်။
လောကမှာ အတိတ်တဘောင် နမိတ်ဆောင် ဆိုတဲ့စကားလည်းရှိပါတယ်။ ဒါကိုလည်းသတိချပ်စေချင်ပါတယ်။ အထူးပြုပြောချင်တာကတော့ အများကိုးကွယ်လေးစားကြည်ညိုတဲ့ ဘာသာတစ်ခုကို အသုံးပြုပြီး ဖြေဖျော်တာတွေ၊ အသုံချတာတွေ မလုပ်ဖို့ပါပဲ။ အနုပညာအမည်ခံပြီး ဘာသာတစ်ခုကို စော်ကားနေခြင်းကို ပြင်းထန်စွာ ကဲ့ရဲ့ရှုတ်ချပါတယ်။
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ➖ (ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝြေကပါစေ)
ဓမ္မဝီရ ဒေါက်တာတေဇနိယ
Comments
Post a Comment