- Get link
- X
- Other Apps
- Get link
- X
- Other Apps
ဝေဘာဂီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် နေ့လယ်စာလှူဒါန်းခဲ့သလို ယင်း ဆေးရုံတွင် လိုအပ်သည့်ပစ္စည်း များ ထပ်မံလှူဒါန်းရန် အစီအစဉ် ရှိကြောင်း ထွန်းကိုကိုက ပြော သည်။
‘‘ဆေးရုံကနေ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းတော့ ကောက်လာတယ်။ လောလော ဆယ် ဈေးကွက်ထဲမှာ ပြတ်နေတဲ့ ပစ္စည်းတွေလည်းရှိတော့ ပစ္စည်း တွေရရင် ထပ်သွားပြီးလှူဖို့ရှိပါ တယ်’’ ဟု ၎င်းကပြောသည်။
ထွန်းကိုကိုက မတ်လ ၂၅ ရက်တွင် ဝေဘာဂီဆေးရုံမှ ကျန်း မာရေးဝန်ထမ်း ၁၂၀ ဦးစာအ တွက် ပီဇာ၊ ကြက်ကြော်နှင့် ကွေ ကာအုပ်ထုပ်များ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
‘‘ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ နေတဲ့ COVID-19 ကူးစက်ခံရသူတွေနဲ့ သံသယလူနာများ၊ စောင့်ကြည့်လူနာများကို ပြုစု ကုသ စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများဟာ မိမိ အသက်သွေးကို ပဓာနမထားဘဲ စေတနာအားနဲ့ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး ခုခံ ကာကွယ်ပေးနေတဲ့ သူရဲကောင်း တွေပါ’’ ဟု ကျန်းမာရေးဝန်ထမ်း များနှင့် ပတ်သက်၍ ၎င်းကပြော သည်။
လတ်တလောတွင် ရိုက် လက်စ ဇာတ်လမ်းတွဲ ရိုက်ကူး ရေးနားလိုက်ပြီဖြစ်သဖြင့် နာရေး ကူညီမှုအသင်းနှင့်အတူ ပရဟိတ အလုပ်များ ပိုမိုအချိန်ပေးလုပ် ဆောင်ဖြစ်ကြောင်း ၎င်းကဆို သည်။
ဆဲဗင်းဒေး
Comments
Post a Comment