စံပြဆေးရုံကနေ တရုတ်နိုင်ငံသားနှစ်ယောက် ကိုရိုနာဗိုင်းရပ်စ် အစစ်ဆေးမခံလိုပဲ ထွက်ပြေး





ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံမှာ တရုတ်နိုင်ငံသားနှစ်ယောက် ကိုရိုနာဗိုင်းရပ်စ် အစစ်ဆေးမခံလိုပဲ ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးပြီး ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။

Image may contain: one or more people and people standing

အဲဒီတရုတ်နိုင်ငံသား(၂)ယောက်ဖြစ်တဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ မတ်လ(၂၇) ရက်၊ ည(၁၂)နာရီ(၄၀)မီနစ်မှာ ကိုရိုနာဗိုင်းရပ်စစ်အစစ်ဆေးမခံလိုပဲ ဆေးရုံကနေ ထွက်ပြေးသွားခဲ့သွားပြီး နောက် (ဆ/က)ရပ်ကွက်၊ ကျိုက္ကစံဘုရားအရှေ့ဘက်မုဒ်မှာ အုတ်တံတိုင်းနားမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ် ပါတယ်။

“ကျန်းမာရေးဌာကနတာဝန်ရှိသူတွေက နောက်ကလိုက်လာပြီးတော့ ဝေဘာဂီခေါ်သွားပြီ။ သံသယဖြစ်တဲ့ အတွက်ပါ။ သူတို့က စောင့်ကြည့်ခံထားရသူတွေတော့မဟုတ်ဘူး။ တက္ကစီငှားစီးတော့ ကားပေါ်မှာအမျိုးသ မီးကအမောဖောက်တယ်။ အဲဒီလိုဖြစ်လို့ ကားသမားက စံပြဆေးရုံကိုခေါ်လာတယ်။ စံပြဆေးရုံရောက် တော့ အစစ်မခံပဲထွက်သွားလို့ လိုက်ဖမ်းတာပါ။”လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကောင်းနိုင်က ပြောပါတယ်။

Image may contain: one or more people, people sitting and shoes

အဲဒီတရုတ်နိုင်ငံသားနှစ်ယောက်ကို လူမှုရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဌာနတွေက ဝိုင်းဝန်းထိန်းသိမ်း ခဲ့ရပြီးတဲ့နောက် ကိုယ်အပူချိန်တိုင်းတာ၊ အရှေ့ဘက်မုဒ်အုတ် တံတိုင်းတွေကို ဆေးဖြန်းတာတွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူတွေရဲ့ ပြောဆိုချက်အရ အဲဒီတရုတ်နိုင်ငံသားနှစ်ယောက်ဟာ ယုဇနဥယျာဉ်အိမ်ကနေ အစစ်ဆေးမခံလိုတာကြောင့် ထွက်ပြေးလာတာလို့ပြောဆိုကြပေမယ့် သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူး ဦးအောင်ထိုက်က ဘယ်ကနေလာတယ်ဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။

Image may contain: one or more people and night

အိုမီဒီယာ



Comments