၇ ရက္သားသမီးမ်ားအတြက္ တနလၤာသက္ေရာက္ ႏွင့္ အလုပ္ ကံၾကမၼာ







Zawgyi

တနလၤာ သက္ေရာက္ ႏွင့္ အလုပ္ ကံၾကမၼာ

တနလၤာ သက္ေရာက္ ဆိုတာ ကို အရင္စေျပာ ၾကရေအာင္ဗ်ာ။ ေဗဒင္ တတ္ကြၽမ္းသူေတြ ကေတာ့ တနလၤာ သက္ေရာက္ ဆိုတာကို သိနိုင္ေပမဲ့ နားမလည္သူေတြ ကေတာ့ ဘာမွန္း မသိျဖစ္ေနပါလိမ့္မယ္။

ဒါေၾကာင့္ တနလၤာ သက္ေရာက္ ဘယ္အသက္အပိုင္း အျခားေတြမွာ က်ေရာက္ သလဲဆိုတာကို ၇ ရက္သားသမီး တစ္ဦးခ်င္းစီ အလိုက္ေအာက္ မွာ ေရးေပးထား ပါတယ္ဗ်ာ။

တနဂၤေႏြသားသမီးမ်ား ••• ၁၈ /၂၆ /၃၄ /၄၂ / ၅၀ /၅၈ / ၆၆ ႏွစ္

တနလၤာသားသမီးမ်ား ••• ၁၇ /၂၅ / ၃၃ / ၄၁ /၄၉ / ၅၇ / ၆၅ ႏွစ္

အဂၤါသားသမီးမ်ား ••• ၁၆ / ၂၄ / ၃၂ / ၄၀ / ၄၈ / ၅၆ / ၆၄ ႏွစ္

ဗုဒၶဟူးသားသမီးမ်ား ••• ၁၅ / ၂၃ / ၃၁ / ၃၉ / ၄၇ / ၅၅ / ၆၃ / ႏွစ္

ရာဟုသားသမီးမ်ား… ၂၀/ ၂၈/ ၃၆ / ၄၄ / ၅၂ /၆၀ / ၆၈ ႏွစ္

ၾကာသာပေတးသားသမီးမ်ား ••• ၂၁ / ၂၉ / ၃၇ / ၄၅ / ၅၃ / ၆၁ ႏွစ္

ေသာၾကာသားသမီးမ်ား••• ၁၉ / ၂၇ / ၃၅ / ၄၃ / ၅၁ / ၅၉ / ၆၇ ႏွစ္

စေနသားသမီးမ်ား ••• ၁၄ /၂၂ /၃၀ / ၃၈ / ၄၆ / ၅၄ / ၆၂ / ၇၀ ႏွစ္

ဒါကေတာ့ ေန႕သား တစ္ဦးခ်င္းစီ အလိုက္ တနလၤာ သက္ေရာက္ထဲ က်ေရာက္မဲ့ ႏွစ္ အပိုင္းအျခားေတြပါ။ အသက္တြက္တာ ကလဲ အခ်ိဳ႕က အယူအဆလြဲေနတာဗ်။

ဥပမာေျပာရေအာင္ ကိုယ္က ၂၀၀၀ ခုႏွစ္ မတ္လ ၃၁ ရက္ေန႕မွာ ေမြးဖြားတယ္ ဆိုပါစို႔ ။ ဒါဆို ၂၀၂၀ ခု၊ မတ္လ၊ ၃၁ ရက္ေန႕ဆို အသက္ ၂၀ ႏွစ္ျပည့္ပါတယ္။ ဒါေၾကာင့္ ေမြးေန႕ေက်ာ္လို႔ ဧျပီလ ၊ ၁ ရက္ေန႕ေရာက္တာနဲ႕ အသက္ ၂၁ ႏွစ္ လို႔ ယူရမွာပါ။ နားလည္မယ္ လို႔ ထင္ပါတယ္။

လူတစ္ေယာက္ ဟာ တနလၤာ သက္ေရာက္ထဲ ေရာက္ေနၿပီဆို ထိုႏွစ္ထဲမွာ အလုပ္နဲ႕ ပက္သက္ၿပီး ကံအေျခ အေနေတြက တစ္မ်ိဳးတစ္ဖုံေျပာင္းလဲ သြားတတ္ ပါတယ္။ တနလၤာ သက္ေရာက္ထဲ ေရာက္ေနတဲ့ တစ္ႏွစ္တာ ကာလၿပီးရင္ အဆိုး ေလာကဓံေတြျဖစ္ တဲ့ အဂၤါ၊ ဗုဒၶဟူး၊ စေန သက္ေရာက္ေတြ ကို ျဖတ္သန္း ရပါလိမ့္မယ္။

ဒါေၾကာင့္ တနလၤာ သက္ေရာက္ဟာ လူတစ္ေယာက္ခ်င္းစီ အတြက္ အခရာက်တဲ့ ႏွစ္ တစ္ခုပါပဲ။

ဒါေၾကာင့္ တနလၤာ သက္ေရာက္ေနတဲ့ႏွစ္ ဟာ အတိမ္းအေစာင္း မခံပါဘူး။ ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ရသ လိုပါပဲ။ ဟန္ခ်က္ပ်က္တာ နဲ႕ ျပဳတ္က်သြားနိုင္ပါတယ္။

တနလၤာသက္ေရာက္ဟာဘာကို ဒုကၡေပးသလဲ ဆိုရင္ အလုပ္ကို ဒုကၡေပးပါတယ္။ နားလည္ေအာင္ေျပာရရင္ ဝန္ထမ္းဆို အလုပ္မွာ အခက္အခဲမ်ား လာတယ္။ ဖိအားေတြ မ်ားလာတတ္တယ္။ အလုပ္မွာ ဆက္လက္ လုပ္ကိုင္ဖို႔ ဆႏၵမရွိေတာ့ဘူး။

အထက္လူႀကီးေၾကာင့္ စိတ္ညစ္ရတာမ်ိဳးေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ​့ အေစးမကပ္ ေတာ့တာမ်ိဳးျဖစ္ေစ၊ အလုပ္မွာ တာဝန္ယူ၊ တာဝန္ခံရတာမ်ားၿပီး လစာမတိုးတာမ်ိဳးေတြ စသည္ျဖင့္ ေသာအေၾကာင္းအရာေတြေၾကာင့္ အလုပ္မွာ မေပ်ာ္တာေတြျဖစ္ လာတတ္ ပါတယ္။

မနက္ခင္း ႐ုံးတတ္ရမွာကိုေၾကာက္ေနမိတတ္ ပါတယ္။ တနလၤာ သက္ေရာက္ထဲမွာ ဒီလို အေျခအေနႀကဳံ လာရၿပီဆိုရင္ေတာ့ ပထမဦးစြာ ေခါင္းေအးေအးထားၿပီး စဥ္းစားပါ။

ငါဒီအလုပ္ကေန ထြက္မွာလား…? ေနာက္ အလုပ္ကေရာ အဆင္သင့္ခ်ိတ္ဆက္ထားၿပီးၿပီလား….?…ငါကေရာဘာလုပ္ခ်င္ေနတာလဲ….? လက္ရွိအလုပ္က အခက္အခဲအၾကပ္အတည္းေတြကို မေျဖရွင္းနိုင္ေတာ့ဘူးလား..? စသည္ျဖင့္ မိမိကိုယ္ကို ေမးေစခ်င္ ပါတယ္။ ထိုသို႔ ေမးၿပီးမွ ဘာလုပ္သင့္လဲ ဆိုတာကိုမွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ပါ။

အခ်ိဳ႕ကေတာ့ လက္ရွိအလုပ္ကေကာင္းတယ္။ ဒါေပမဲ့အျခားသူေတြရဲ႕စကားကိုနားေယာင္ေနမိတတ္ပါ တယ္။ ဒါေၾကာင့္စိတ္ထဲမွာ ဒီအလုပ္ကေတာ့ အဆင္မေျပပါဘူး။ ေရရွည္လဲ မေကာင္းဘူး။ ဟိုအလုပ္ ဆိုရင္ေတာ့ အရမ္းေကာင္းမွာပဲ…စသည္ျဖင့္အေတြးဝင္လာတတ္ပါတယ္။

ကိုယ္ပိုင္အလုပ္မ်ားလုပ္ကိုင္မဲ့သူမ်ားကလဲ ဒီႏွစ္အလုပ္သစ္စဖို႔ စိတ္ကူးထားတယ္ဆိုရင္ေတာ့ ေသခ်ာ plan ဆြဲပါ။ နားလည္သူေတြနဲ႕ တိုင္ပင္ပါ။ ကိုယ္လုပ္မဲ့အလုပ္အေပၚ ထဲထဲဝင္ဝင္ နားလည္တတ္ကြၽမ္းပါေစ။ plan A အျပင္ plan B ဆိုတာမ်ိဳး ကိုပါ ထည့္ စဥ္းစား ထားရမဲ့ ကာလပါ။ ေသခ်ာၿပီးဆိုေတာ့မွစတင္ပါ။

တနလၤာသက္ေရာက္ ဆိုတာ အေကာင္းေတြရွိသလို အဆိုးေတြလဲရွိပါတယ္။ အထူးသျဖင့္ အလုပ္နဲ႕ပက္သက္ရင္ ကေမာက္ကမ ျဖစ္လြယ္ပါတယ္။

ဒါေၾကာင့္ တနလၤာသက္ေရာက္ထဲ ေရာက္ေနတဲ့ႏွစ္အပိုင္းအျခားထဲ မွာအလုပ္နဲ႕ပက္သက္ၿပီး ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ေတာ့မယ္ ဆို ေခါင္းေအးေအးထားၿပီး စဥ္းစားပါ။ အလုပ္သစ္ စီးပြားသစ္ထူေထာင္မယ္ဆို အဖက္ဖက္ကျပင္ဆင္ၿပီးမွ လုပ္ေစခ်င္ပါတယ္။

တနလၤာသက္ေရာက္ထဲ ေပါ့ေပါ့ပါးပါးနဲ႕ အလုပ္အတြက္ စိတ္မပူရဘဲ ျဖတ္သန္းသြားရတဲ့သူေတြလဲ ရွိၾကသလို ….အလုပ္နဲ႕ပက္သက္ၿပီး ေသာကမ်ားစြာႀကဳံရမဲ့သူေတြလဲ ရွိေနၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ အလုပ္နဲ႕ ပက္သက္ရင္ သတိေလးနဲ႕ေနသင့္တဲ့ႏွစ္ပါ။

တနလၤာသက္ေရာက္ထဲမွာ အလုပ္နဲ႕ပက္သက္ၿပီး ထူးျခားတာေလးေတြ ႀကဳံခဲ့ရသူဆို ကြန္းမက္မွာ မိမိအေတြ႕အႀကဳံေလးေတြ ဖလွယ္သြားနိုင္ပါတယ္ ဗ်

အလုပ္နဲ႕ပက္သက္ၿပီးေတြးဆ ဆင္ျခင္နိုင္ၾကပါေစဗ်ာ……..။

၇ရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ(ေဗဒင္သုေတသီ) – ၀၉၇၇၅၅၅၅၆၉၅

Crd-Myo Taw

Unicode


၇ ရက်သားသမီးများအတွက် တနင်္လာသက်ရောက် နှင့် အလုပ် ကံကြမ္မာ
March 15, 2020 admin 0 Comments

တနင်္လာ သက်ရောက် နှင့် အလုပ် ကံကြမ္မာ

တနင်္လာ သက်ရောက် ဆိုတာ ကို အရင်စပြော ကြရအောင်ဗျာ။ ဗေဒင် တတ်ကျွမ်းသူတွေ ကတော့ တနင်္လာ သက်ရောက် ဆိုတာကို သိနိုင်ပေမဲ့ နားမလည်သူတွေ ကတော့ ဘာမှန်း မသိဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် တနင်္လာ သက်ရောက် ဘယ်အသက်အပိုင်း အခြားတွေမှာ ကျရောက် သလဲဆိုတာကို ၇ ရက်သားသမီး တစ်ဦးချင်းစီ အလိုက်အောက် မှာ ရေးပေးထား ပါတယ်ဗျာ။

တနင်္ဂနွေသားသမီးများ ••• ၁၈ /၂၆ /၃၄ /၄၂ / ၅၀ /၅၈ / ၆၆ နှစ်

တနင်္လာသားသမီးများ ••• ၁၇ /၂၅ / ၃၃ / ၄၁ /၄၉ / ၅၇ / ၆၅ နှစ်

အင်္ဂါသားသမီးများ ••• ၁၆ / ၂၄ / ၃၂ / ၄၀ / ၄၈ / ၅၆ / ၆၄ နှစ်

ဗုဒ္ဓဟူးသားသမီးများ ••• ၁၅ / ၂၃ / ၃၁ / ၃၉ / ၄၇ / ၅၅ / ၆၃ / နှစ်

ရာဟုသားသမီးများ… ၂၀/ ၂၈/ ၃၆ / ၄၄ / ၅၂ /၆၀ / ၆၈ နှစ်

ကြာသာပတေးသားသမီးများ ••• ၂၁ / ၂၉ / ၃၇ / ၄၅ / ၅၃ / ၆၁ နှစ်

သောကြာသားသမီးများ••• ၁၉ / ၂၇ / ၃၅ / ၄၃ / ၅၁ / ၅၉ / ၆၇ နှစ်

စနေသားသမီးများ ••• ၁၄ /၂၂ /၃၀ / ၃၈ / ၄၆ / ၅၄ / ၆၂ / ၇၀ နှစ်

ဒါကတော့ နေ့သား တစ်ဦးချင်းစီ အလိုက် တနင်္လာ သက်ရောက်ထဲ ကျရောက်မဲ့ နှစ် အပိုင်းအခြားတွေပါ။ အသက်တွက်တာ ကလဲ အချို့က အယူအဆလွဲနေတာဗျ။

ဥပမာပြောရအောင် ကိုယ်က ၂၀၀၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ မွေးဖွားတယ် ဆိုပါစို့ ။ ဒါဆို ၂၀၂၀ ခု၊ မတ်လ၊ ၃၁ ရက်နေ့ဆို အသက် ၂၀ နှစ်ပြည့်ပါတယ်။ ဒါကြောင့် မွေးနေ့ကျော်လို့ ဧပြီလ ၊ ၁ ရက်နေ့ရောက်တာနဲ့ အသက် ၂၁ နှစ် လို့ ယူရမှာပါ။ နားလည်မယ် လို့ ထင်ပါတယ်။

လူတစ်ယောက် ဟာ တနင်္လာ သက်ရောက်ထဲ ရောက်နေပြီဆို ထိုနှစ်ထဲမှာ အလုပ်နဲ့ ပက်သက်ပြီး ကံအခြေ အနေတွေက တစ်မျိုးတစ်ဖုံပြောင်းလဲ သွားတတ် ပါတယ်။ တနင်္လာ သက်ရောက်ထဲ ရောက်နေတဲ့ တစ်နှစ်တာ ကာလပြီးရင် အဆိုး လောကဓံတွေဖြစ် တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက်ရောက်တွေ ကို ဖြတ်သန်း ရပါလိမ့်မယ်။

ဒါကြောင့် တနင်္လာ သက်ရောက်ဟာ လူတစ်ယောက်ချင်းစီ အတွက် အခရာကျတဲ့ နှစ် တစ်ခုပါပဲ။

ဒါကြောင့် တနင်္လာ သက်ရောက်နေတဲ့နှစ် ဟာ အတိမ်းအစောင်း မခံပါဘူး။ ကြိုးတန်းပေါ် လမ်းလျှောက်ရသ လိုပါပဲ။ ဟန်ချက်ပျက်တာ နဲ့ ပြုတ်ကျသွားနိုင်ပါတယ်။

တနင်္လာသက်ရောက်ဟာဘာကို ဒုက္ခပေးသလဲ ဆိုရင် အလုပ်ကို ဒုက္ခပေးပါတယ်။ နားလည်အောင်ပြောရရင် ဝန်ထမ်းဆို အလုပ်မှာ အခက်အခဲများ လာတယ်။ ဖိအားတွေ များလာတတ်တယ်။ အလုပ်မှာ ဆက်လက် လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့ဘူး။

အထက်လူကြီးကြောင့် စိတ်ညစ်ရတာမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ​့ အစေးမကပ် တော့တာမျိုးဖြစ်စေ၊ အလုပ်မှာ တာဝန်ယူ၊ တာဝန်ခံရတာများပြီး လစာမတိုးတာမျိုးတွေ စသည်ဖြင့် သောအကြောင်းအရာတွေကြောင့် အလုပ်မှာ မပျော်တာတွေဖြစ် လာတတ် ပါတယ်။

မနက်ခင်း ရုံးတတ်ရမှာကိုကြောက်နေမိတတ် ပါတယ်။ တနင်္လာ သက်ရောက်ထဲမှာ ဒီလို အခြေအနေကြုံ လာရပြီဆိုရင်တော့ ပထမဦးစွာ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။

ငါဒီအလုပ်ကနေ ထွက်မှာလား…? နောက် အလုပ်ကရော အဆင်သင့်ချိတ်ဆက်ထားပြီးပြီလား….?…ငါကရောဘာလုပ်ချင်နေတာလဲ….? လက်ရှိအလုပ်က အခက်အခဲအကြပ်အတည်းတွေကို မဖြေရှင်းနိုင်တော့ဘူးလား..? စသည်ဖြင့် မိမိကိုယ်ကို မေးစေချင် ပါတယ်။ ထိုသို့ မေးပြီးမှ ဘာလုပ်သင့်လဲ ဆိုတာကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပါ။

အချို့ကတော့ လက်ရှိအလုပ်ကကောင်းတယ်။ ဒါပေမဲ့အခြားသူတွေရဲ့စကားကိုနားယောင်နေမိတတ်ပါ တယ်။ ဒါကြောင့်စိတ်ထဲမှာ ဒီအလုပ်ကတော့ အဆင်မပြေပါဘူး။ ရေရှည်လဲ မကောင်းဘူး။ ဟိုအလုပ် ဆိုရင်တော့ အရမ်းကောင်းမှာပဲ…စသည်ဖြင့်အတွေးဝင်လာတတ်ပါတယ်။

ကိုယ်ပိုင်အလုပ်များလုပ်ကိုင်မဲ့သူများကလဲ ဒီနှစ်အလုပ်သစ်စဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ သေချာ plan ဆွဲပါ။ နားလည်သူတွေနဲ့ တိုင်ပင်ပါ။ ကိုယ်လုပ်မဲ့အလုပ်အပေါ် ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းပါစေ။ plan A အပြင် plan B ဆိုတာမျိုး ကိုပါ ထည့် စဉ်းစား ထားရမဲ့ ကာလပါ။ သေချာပြီးဆိုတော့မှစတင်ပါ။

တနင်္လာသက်ရောက် ဆိုတာ အကောင်းတွေရှိသလို အဆိုးတွေလဲရှိပါတယ်။ အထူးသဖြင့် အလုပ်နဲ့ပက်သက်ရင် ကမောက်ကမ ဖြစ်လွယ်ပါတယ်။

ဒါကြောင့် တနင်္လာသက်ရောက်ထဲ ရောက်နေတဲ့နှစ်အပိုင်းအခြားထဲ မှာအလုပ်နဲ့ပက်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ် ဆို ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ အလုပ်သစ် စီးပွားသစ်ထူထောင်မယ်ဆို အဖက်ဖက်ကပြင်ဆင်ပြီးမှ လုပ်စေချင်ပါတယ်။

တနင်္လာသက်ရောက်ထဲ ပေါ့ပေါ့ပါးပါးနဲ့ အလုပ်အတွက် စိတ်မပူရဘဲ ဖြတ်သန်းသွားရတဲ့သူတွေလဲ ရှိကြသလို ….အလုပ်နဲ့ပက်သက်ပြီး သောကများစွာကြုံရမဲ့သူတွေလဲ ရှိနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်နဲ့ ပက်သက်ရင် သတိလေးနဲ့နေသင့်တဲ့နှစ်ပါ။

တနင်္လာသက်ရောက်ထဲမှာ အလုပ်နဲ့ပက်သက်ပြီး ထူးခြားတာလေးတွေ ကြုံခဲ့ရသူဆို ကွန်းမက်မှာ မိမိအတွေ့အကြုံလေးတွေ ဖလှယ်သွားနိုင်ပါတယ် ဗျ

အလုပ်နဲ့ပက်သက်ပြီးတွေးဆ ဆင်ခြင်နိုင်ကြပါစေဗျာ……..။

ရရက်သားသမီးအပေါင်း ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) – ၀၉၇၇၅၅၅၅၆၉၅

Crd-Myo Taw

Comments