- Get link
- X
- Other Apps
- Get link
- X
- Other Apps
Zawgyi
ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္မွာ တ႐ုတ္ႏိုင္ငံသား ေလးဦးဆီကေန ႏိုင္ငံကူးလက္မွတ္ (ပတ္စ္ပို႔) စာအုပ္ ၂၀၃ အုပ္ကို သိမ္းဆည္းရမိထားၿပီး ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနကေန စစ္ေဆးမႈေတြ ေဆာင္႐ြက္ေနပါတယ္။ သိမ္းဆည္းရမိတဲ့ ပတ္စ္ပို႔စာအုပ္အားလုံးဟာ တ႐ုတ္ႏိုင္ငံပတ္စ္ပို႔ေတြလို႔ လမ္းမေတာ္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ထြန္းက ေျပာပါတယ္။
Unicode
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ တရုတ်နိုင်ငံသား လေးဦးဆီကနေ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ် ၂၀၃ အုပ်ကို သိမ်းဆည်းရမိထားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ သိမ်းဆည်းရမိတဲ့ ပတ်စ်ပို့စာအုပ်အားလုံးဟာ တရုတ်နိုင်ငံပတ်စ်ပို့တွေလို့ လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်။
အဲဒီလေးဦးမှာ နှစ်ဦးရဲ့ ပတ်စ်ပို့က သက်တမ်းကုန်ဆုံးနေပြီး လက်ရှိမှာ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက စစ်ဆေးနေတုန်းဖြစ်ပြီး သူတို့လေးဦးကိုလည်း နေအိမ်မှာပဲ စောင့်ကြည့်ထားပြီး အရေးယူတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Comments
Post a Comment