ကိုရိုနာဗိုင္းရပ္ေတြ႕တဲ့ မႏၲေလးက တိုက္ခန္းကို အသြားအလာပိတ္




Zawgyi

ကို႐ိုနာဗိုင္းရပ္ေတြ႕တဲ့ မႏၲေလးက အမ်ိဳးသားတစ္ေယာက္ရဲ႕ ေနအိမ္ကို အစိုးရက အသြားအလာတားျမစ္လိုက္ပါတယ္။ ဒီေန႔ မတ္လ ၂၇ ရက္ေန႔အထိဆိုရင္ ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိသူ ငါးေယာက္ရွိလာပါၿပီ။ ဗိုင္းရပ္စ္ကူးခံထားရတဲ့ အမ်ိဳးသားကေတာ့ မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ ကုသေနပါတယ္။ သူေနခဲ့တဲ့တိုက္ခန္းက ျမရည္နႏၵာရပ္ကြက္မွာျဖစ္ၿပီး၊ လူဦးေရ ၃၀ ေက်ာ္ေနထိုင္ပါတယ္။ အခန္းက ၁၆ ခုပါ။ တိုက္ခန္းကို ဘယ္အခ်ိန္ထိပိတ္ထားမယ္ဆိုတာေတာ့ မသိေသးဘူးလို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးမင္းေဇာ္က ေျပာပါတယ္။ "ဒီတိုက္နဲ႔ပတ္သတ္ၿပီး LOCK Down ခ်လိုက္ၿပီ၊ ဘာေၾကာင့္လဲဆို အေမရိကျပန္လာတဲ့သူ ေရာဂါေတြ႕တဲ့အတြက္ တားဆီးတာပါ" လူနာဟာ ဖ်ားနာတာကို သိေပမယ့္ သက္ဆိုင္ရာကို အေၾကာင္းမၾကားခဲ့ပါဘူး။ တျခားရပ္ကြက္ေနထိုင္သူ တိုင္တန္းေတာ့မွ ဒီလူနာအေၾကာင္း သိခဲ့ရတာလို႔ ဆယ္အိမ္မႉး ဦးလွေဌးက ေျပာပါတယ္။
"လွမ္းအေၾကာင္းၾကားတဲ့အခါ ကို႐ိုနာလို႔ထင္တဲ့အေၾကာင္းေျပာတယ္။ မဟုတ္ဘဲ ေပါက္သြားမွာစိုးတယ္၊ မနက္က်လာေမးေတာ့ အခ်က္ ေျခာက္ခ်က္ေမးၾကည့္ေတာ့ အကုန္ဝင္တယ္" ႏိုင္ငံျခားကျပန္လာတဲ့သူေတြ ေနအိမ္မွာသီးျခား ၁၄ ရက္ေနထိုင္ၾကဖို႔ အစိုးရက ထုတ္ျပန္ေပမဲ့ လိုက္နာမႈအားနည္းေနတဲ့အတြက္၊ ရပ္ကြက္ေနသူေတြက သက္ဆိုင္ရာကို တိုင္ၾကားဖို႔လုပ္သင့္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ထြန္းထြန္းဦး က ေျပာပါတယ္။ "အင္းစိန္လူနာလည္းအတူတူပဲ၊ ေလဆိပ္ရဲ႕ခ်ိဳ႕ယြင္းအားနည္ခ်က္ေပါ့၊ ေလဆိပ္ကေန ကြၽံထြက္ၿပီးေတာ့ အင္းစိန္အိမ္ေရာက္မွသိတာ၊ ဒီလူနာလည္း အဲဒီသေဘာမ်ိဳးဆိုေတာ့ ေလဆိပ္မွာ အားနည္းခ်က္ရွိတယ္လို႔ သုံးသပ္မိတယ္" မႏၲေလးၿမိဳ႕က ပိုးေတြ႕ရွိသူဟာ ရန္ကုန္ကေန မႏၲေလးၿမိဳ႕ကို လာေရာက္တဲ့အခါက တစ္ေယာက္ထဲမဟုတ္ပဲ ႏွစ္ေယာက္လာေရာက္ခဲ့တာျဖစ္တယ္လို႔ မႏၲေလးကားဝန္းကေန ေနအိမ္ကို လိုက္ပါပို႔ေဆာင္ေပးခဲ့ရတဲ့ သုံးဘီးေမာင္းႏွင္သူ ကိုဇာနည္ေအာင္ ကေျပာပါတယ္။ "တပည့္တစ္ေယာက္ပါတယ္။ ေအာင္ပင္လယ္လိုက္ပို႔ခဲ့ရတယ္။ ေအာင္ပင္လယ္ေမာင္းတဲ့အခ်ိန္မွာ ဖုန္းေျပာတာၾကားတယ္၊ သူ႔ကိုသူစိုးရိမ္ေနတာထင္ပါတယ္။ အခုအဖ်ားမရွိေတာ့ဘူးဆိုၿပီး ေျပာသံၾကားတယ္၊ သူ႔ကိုသူ မသကၤာျဖစ္ေနတယ္ထင္တယ္။ ရန္ကုန္မွာေတာ့ ဖ်ားခဲ့တယ္ထင္တယ္"
ကိုဇာနည္ေအာင္ဟာဆိုရင္ ေရာဂါပိုးရွိသူရဲ႕ဓာတ္ပုံ အြန္လိုင္းေပၚပ်ံႏွံလာတာ ေတြ႕ျမင္လိုက္ရတဲ့အတြက္ သူလိုက္ပို႔ေပးသူျဖစ္ေနတယ္ဆိုကာ က်န္းမာေရးဝန္ႀကီးဌာနာကို လာေရာက္ပူးေပါင္းခဲ့ၿပီး က်န္းမာေရးစစ္ေဆးမႈခံယူဖို႔ ျပင္ဆင္ထားသူျဖစ္ပါတယ္။ ေလေၾကာင္းနဲ႔ျပန္လာသူေတြကို စစ္ေဆးတဲ့ရာမွာ ႏိုင္ငံျခားသားကိုသာ အာ႐ုံစိုက္ေနလို႔ လြတ္သြားတာလို႔ ခ်မ္းျမသာ စည္ၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ယူဆပါတယ္။ "ကာယကံရွင္က အေစာႀကီးကတည္းက ျမန္မာလူမ်ိဳးျဖစ္ေနတယ္။ အေမရိကန္ႏိုင္ငံသားျဖစ္ေနေတာ့ ျမန္မာဆိုေတာ့ စစ္တဲ့သူေတြကလည္း ႏိုင္ငံျခားသားကိုသာ ပိုက္စိတ္တိုက္စစ္တာကိုး၊ အေမရိကန္ႏိုင္ငံသားျဖစ္ေနတာမသိေတာ့ တင္းတင္းၾကပ္ၾကပ္မစစ္ျဖစ္တာေပါ့၊ ေဆးစစ္တယ္။ မသက္သာေတာ့ ေဆးခန္းေတြျပတယ္၊ အခုေဆးခန္းေတြ လိုက္စုံစမ္းေနတယ္" ေရာဂါပိုးေတြ႕ရွိသူဟာ မႏၲေလးၿမိဳ႕မွာေတာ့ ပထမဆုံးေတြ႕ရွိတဲ့သူျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ေတာ့ ေလးေယာက္ေျမာက္ပိုးေတြ႕ရွိသူျဖစ္ပါတယ္။
RFA Burmese

Unicode

ကိုရိုနာဗိုင်းရပ်တွေ့တဲ့ မန္တလေးက အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ကို အစိုးရက အသွားအလာတားမြစ်လိုက်ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက်နေ့အထိဆိုရင် မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ငါးယောက်ရှိလာပါပြီ။ ဗိုင်းရပ်စ်ကူးခံထားရတဲ့ အမျိုးသားကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ ကုသနေပါတယ်။ သူနေခဲ့တဲ့တိုက်ခန်းက မြရည်နန္ဒာရပ်ကွက်မှာဖြစ်ပြီး၊ လူဦးရေ ၃၀ ကျော်နေထိုင်ပါတယ်။ အခန်းက ၁၆ ခုပါ။ တိုက်ခန်းကို ဘယ်အချိန်ထိပိတ်ထားမယ်ဆိုတာတော့ မသိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောပါတယ်။ "ဒီတိုက်နဲ့ပတ်သတ်ပြီး LOCK Down ချလိုက်ပြီ၊ ဘာကြောင့်လဲဆို အမေရိကပြန်လာတဲ့သူ ရောဂါတွေ့တဲ့အတွက် တားဆီးတာပါ"
လူနာဟာ ဖျားနာတာကို သိပေမယ့် သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ပါဘူး။ တခြားရပ်ကွက်နေထိုင်သူ တိုင်တန်းတော့မှ ဒီလူနာအကြောင်း သိခဲ့ရတာလို့ ဆယ်အိမ်မှူး ဦးလှဌေးက ပြောပါတယ်။ "လှမ်းအကြောင်းကြားတဲ့အခါ ကိုရိုနာလို့ထင်တဲ့အကြောင်းပြောတယ်။ မဟုတ်ဘဲ ပေါက်သွားမှာစိုးတယ်၊ မနက်ကျလာမေးတော့ အချက် ခြောက်ချက်မေးကြည့်တော့ အကုန်ဝင်တယ်" နိုင်ငံခြားကပြန်လာတဲ့သူတွေ နေအိမ်မှာသီးခြား ၁၄ ရက်နေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ပေမဲ့ လိုက်နာမှုအားနည်းနေတဲ့အတွက်၊ ရပ်ကွက်နေသူတွေက သက်ဆိုင်ရာကို တိုင်ကြားဖို့လုပ်သင့်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ထွန်းထွန်းဦး က ပြောပါတယ်။ "အင်းစိန်လူနာလည်းအတူတူပဲ၊ လေဆိပ်ရဲ့ချို့ယွင်းအားနည်ချက်ပေါ့၊ လေဆိပ်ကနေ ကျွံထွက်ပြီးတော့ အင်းစိန်အိမ်ရောက်မှသိတာ၊ ဒီလူနာလည်း အဲဒီသဘောမျိုးဆိုတော့ လေဆိပ်မှာ အားနည်းချက်ရှိတယ်လို့ သုံးသပ်မိတယ်" မန္တလေးမြို့က ပိုးတွေ့ရှိသူဟာ ရန်ကုန်ကနေ မန္တလေးမြို့ကို လာရောက်တဲ့အခါက တစ်ယောက်ထဲမဟုတ်ပဲ နှစ်ယောက်လာရောက်ခဲ့တာဖြစ်တယ်လို့ မန္တလေးကားဝန်းကနေ နေအိမ်ကို လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ သုံးဘီးမောင်းနှင်သူ ကိုဇာနည်အောင် ကပြောပါတယ်။
"တပည့်တစ်ယောက်ပါတယ်။ အောင်ပင်လယ်လိုက်ပို့ခဲ့ရတယ်။ အောင်ပင်လယ်မောင်းတဲ့အချိန်မှာ ဖုန်းပြောတာကြားတယ်၊ သူ့ကိုသူစိုးရိမ်နေတာထင်ပါတယ်။ အခုအဖျားမရှိတော့ဘူးဆိုပြီး ပြောသံကြားတယ်၊ သူ့ကိုသူ မသင်္ကာဖြစ်နေတယ်ထင်တယ်။ ရန်ကုန်မှာတော့ ဖျားခဲ့တယ်ထင်တယ်" ကိုဇာနည်အောင်ဟာဆိုရင် ရောဂါပိုးရှိသူရဲ့ဓာတ်ပုံ အွန်လိုင်းပေါ်ပျံနှံလာတာ တွေ့မြင်လိုက်ရတဲ့အတွက် သူလိုက်ပို့ပေးသူဖြစ်နေတယ်ဆိုကာ ကျန်းမာရေးဝန်ကြီးဌာနာကို လာရောက်ပူးပေါင်းခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ပြင်ဆင်ထားသူဖြစ်ပါတယ်။ လေကြောင်းနဲ့ပြန်လာသူတွေကို စစ်ဆေးတဲ့ရာမှာ နိုင်ငံခြားသားကိုသာ အာရုံစိုက်နေလို့ လွတ်သွားတာလို့ ချမ်းမြသာ စည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယူဆပါတယ်။ "ကာယကံရှင်က အစောကြီးကတည်းက မြန်မာလူမျိုးဖြစ်နေတယ်။ အမေရိကန်နိုင်ငံသားဖြစ်နေတော့ မြန်မာဆိုတော့ စစ်တဲ့သူတွေကလည်း နိုင်ငံခြားသားကိုသာ ပိုက်စိတ်တိုက်စစ်တာကိုး၊ အမေရိကန်နိုင်ငံသားဖြစ်နေတာမသိတော့ တင်းတင်းကြပ်ကြပ်မစစ်ဖြစ်တာပေါ့၊ ဆေးစစ်တယ်။ မသက်သာတော့ ဆေးခန်းတွေပြတယ်၊ အခုဆေးခန်းတွေ လိုက်စုံစမ်းနေတယ်" ရောဂါပိုးတွေ့ရှိသူဟာ မန္တလေးမြို့မှာတော့ ပထမဆုံးတွေ့ရှိတဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ လေးယောက်မြောက်ပိုးတွေ့ရှိသူဖြစ်ပါတယ်။
RFA Burmese

Comments