ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လာသူများကို ခွဲခြားဆက်ဆံပါက နောက်ဆက်တွဲအန္တရာယ်နှင့် ဆိုးကျိုးဖြစ်ပွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြော




ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန် လာသူများကို ခွဲခြားဆက်ဆံ ခြင်းမျိုး မပြုလုပ်ရန်နှင့် ခွဲခြား ဆက်ဆံပါက ပုန်းကွယ်ရှောင်ပုန်း မှုများ ဖြစ်ပေါ်လာနိုင်ပြီး နောက် ဆက်တွဲအန္တရာယ်နှင့် ဆိုးကျိုးများဖြစ်ပွားနိုင်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။ မတ်လ ၂၅ ရက်က ဝန်ကြီး ဌာနရုံး၌ ပြုလုပ်သည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခြင်း ဖြစ်သည်။

Image may contain: one or more people, people standing, crowd and outdoor

မြန်မာနိုင်ငံအတွင်း COVID -19 ရောဂါပြန့်ပွားမှု မရှိစေရန် ယင်းရောဂါပိုးတွေ့ရှိသူ သုံးဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို ရှာ ဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ခြင်း၊ ရောဂါစောင့် ကြပ် ကြည့်ရှုခြင်းတို့ ဆောင် ရွက်နေပြီး COVID-19 ရောဂါ ဖြစ်ပွားသူတွေ့ရှိပါက ဆောင် ရွက်ရမည့် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ကြိုတင် ရေး ဆွဲထားသည့် လုပ်ငန်းလမ်းညွှန် ချက်များအတိုင်း ဆောင်ရွက် နေကြောင်း ဝန်ကြီးကပြောသည်။

Image may contain: 1 person, sitting and table

ထို့အပြင် မတ်လ ၂၄ ရက် ကစ၍ COVID-19 ဖြစ်ပွားသည့် လူနာများ တွေ့ရှိလာခြင်းကြောင့် ကာကွယ်ထိန်းချုပ်မှု နည်းဗျူဟာ အချို့ကို လိုအပ်သလို မွမ်းမံပြင် ဆင် ဆောင်ရွက်မည်ဟု ဒေါက် တာမြင့်ထွေးက ပြောသည်။ ရောဂါဖြစ်ပွားရာ နေရာဒေ သများမှ ပြန်လည်ရောက်ရှိလာ သူများကို သတ်မှတ်ထားသော နေရာတွင် အသွားအလာ ကန့် သတ်ခြင်း၊ နေအိမ်တွင် အသွား အလာကန့်သတ်ခြင်းနှင့် ဟိုတယ် တွင် အသွား အလာကန့်သတ်ခြင်း ကို ၎င်းတို့ရေးဆွဲထားသော လမ်း ညွှန်ချက်များနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။

Image may contain: 3 people, people standing

လုပ်ငန်းလမ်းညွှန်များ၊ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များအသင်းမှတစ်ဆင့် ဟိုတယ် များ၊ တိုင်းဒေသကြီးအစိုးရအ ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများ၊ တိုင်းဒေသကြီး၊ ပြည် နယ်ကျန်းမာရေးဌာနများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေရမည် ဟု ဝန်ကြီးက အကြံပြုသည်။

Image may contain: 1 person, standing

ပြည်ပမှ ပြန်လာသူများ နေ ထိုင်မည့် လိပ်စာအတိအကျရ ယူကာ နေထိုင်မှုပြ မြေပုံရေးဆွဲ ကာ သက်ဆိုင်ရာ မြို့နယ်ပြည် သူ့ ကျန်းမာရေးနှင့် ကုသရေးဦး စီးဌာနမှူးများနှင့် ကျန်းမာရေးဝန်ထမ်း ပညာရှင်များက ၎င်းတို့ရေးဆွဲထားသော လုပ်ငန်းလမ်း ညွှန်များအတိုင်း တိတိကျကျ ဆောင်ရွက်ရန် အရေးကြီး ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

Image may contain: 2 people, people standing and outdoor

ဆဲဗင်းဒေး

Comments